Home   Comment   Contact Us
Profile
Slideshow Image 1 Slideshow Image 2 Slideshow Image 3 Slideshow Image 4 Slideshow Image 5 Slideshow Image 6
                   

ဆောင်းဦးရွက်ကြွေ ကိုရီးယားမြေခရီးစဉ်ခရီးစဉ် (၇ညအိပ်/၈ရက်)


Day:01 Departure- Yangon- Inchon

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Asiana Airline OZ770 ဖြင့် (00း50) နာရီတွင် စတင်ထွက်ခွါမည်ဖြစ်ပြီး ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်သို့ (08း50) နာရီတွင် ဆိုက်ရောက်ပါမည်။
 

Day:02 Arrival- Inchon- Jeju (-/L/ D)

လေယာဉ်ပေါ်တွင် နံနက်စာသုံးဆောင်ပြီးနောက် အင်ချွန်းလေဆိပ်သို့ နံနက် (၉)နာရီခန့်တွင် ဆိုက်ရောက်ပါမည်။ လေဆိပ်တွင် ကျွန်ုပ်တို့နှင့် ချိတ်ဆက်ထားသော ကိုရီးယားနိုင်ငံရှိ အတွေ့အကြုံရှိ မြန်မာဧည့်လမ်းညွှန်မှ အသင့် စောင့်ကြိုနေမည်ဖြစ်ပါသည်။ ထို့နောက် (၁၃၉၅) ခုနှစ် ဂျိုဆွန်ဘုရင် လေးဆက်မြောက်တွင် တည်ဆောက်ခဲ့သော Gyeongbok နန်းတော်နှင့် Presidential Blue House သမ္မတအိမ်တော်တို့သို့ ကားမောင်းဖြတ်သန်းရင်း လေ့လာကြပါမည်။ ထို့နောက် ကိုရီးယားနိုင်ငံ ကင်ပို Gimpo လေဆိပ်သို့ ဆက်လက်ခရီးနှင်ကာ ကင်ပိုလေဆိပ်မှတဆင့် Jeju သို့ သွားရန် ညနေပိုင်းလေယာဉ်ဖြင့် နောက်တဆင့် စီးရပါမည်။ လေယာဉ် (၁) နာရီခန့်စီးပြီးနောက် ဂျဲဂျူ မြို့သို့ ရောက်ရှိပါမည်။ ထို့နောက် Dragon Head Rock (ခေါ်) ဂျဲဂျူး ကျွန်းအနီး ပင်လယ်ကမ်းစပ်တွင် အမြင့်ပေ (၁ဝ)မီတာခန့်မြင့်သော နဂါးဦးခေါင်းပုံ ကျောက်ဆောင် နှင့်

Mystery Road တစ္ဆေလမ်းပာု လူသိများသော ဒိုဂဲဘီ ဒိုးရိုး လမ်းကလေး စသော နေရာများသို့ သွားရောက်ကြပါမည်။ (နေ့လယ်စာနှင့် ညစာ များကို ဒေသခံ စားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။) ညနေတွင် ဂျဲဂျူးမြို့ရှိ 5 Star အဆင့်ရှိ ဟိုတယ်တွင် Check in ဝင်ကာ အိပ်စက်အနားယူကြပါမည်။
 

Day:03 ဂျဲဂျူကျွန်းအလည်ခရီး (B/ L/ D)

ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးနောက် မြန်မာဧည့်လမ်းညွှန်၏ ဦးဆောင်မှုနှင့်အတူ sightseeing စတင်ပါမည်။ ဂျဲဂျုးကျွန်း၏ ထင်ရှားသော ရှုခင်းနေရာ(၁ဝ)ခုအနက် တစ်ခုအပါအဝင်ဖြစ်သော Seongsan Sunrise Peak ဆောင်းဆန်းနေထွက်တောင်ချွန်းသို့ သွားရောက်ကာ နေထွက်လာသည်ကို သွားရောက်ကြည့်ရှုကြပါမည်။ ထို့နောက် Seongeup Folk Village ဆောင်းအုကျေးရွာသို့ သွားရောက်ကာ ကိုရီးယားနိုင်ငံ၏ ရှေးပောင်းယဉ်ကျေးမှုများကို လေ့လာကြပါမည်။ ရာသီဥတုအခြေအနေသာယာလျှင် ဒေါ်လာ(၅ဝ)တန် အပျော်စီးရေငုပ် သင်္ဘောစီးကာ ပင်လယ်ရေအောက် အမှတ်တရများကို တဝကြီးခံစားရပါမည်။ (ဝန်ဆောင်မှုတွင် ဒေါ်လာ (၅ဝ) ပါဝင်ပြီးဖြစ်ပါသည်။) (သို့မပာုတ်) အမျိုးသမီး သူရဲကောင်း (၇) ဦး၏ Motorcycle Circus Show ကို ကြည့်ရှုရပါမည်။ ထို့နောက် နာမည်ကျော် ကိုရီးယား ဒရာမာ ဇာတ်ကားများ ရိုက်ကူးခဲ့သော Seopjicoji ဆော့ပ်ဂျီခိုဂျီ ပင်လယ်ကမ်းခြေတွင် အပန်းဖြေကြပါမည်။

ဆက်လက်၍ Cheonjiyeon ရေတံခွန် နှင့် Oedolgae ကျောက်ဆောင်တို့သို့လည်း ပို့ဆောင်ပေးပါမည်။ (နေ့လယ်စာနှင့် ညစာကို ဒေသခံ စားသောက်ဆိုင်တွင် စီစဉ်ထားပါသည်။) ညနေတွင် ဟိုတယ်သို့ ပြန်လည် ပို့ဆောင်ပေးပါမည်။
 

Day: 04 Jeju- Nami- Ganwondo- Seoul (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဂျဲဂျူ လေဆိပ်သို့ သွားရောက်ကာ နံနက်ပိုင်းလေယာဉ်ဖြင့် Seoul ဆိုးလ်မြို့သို့ ထွက်ခွာပါမည်။ ထိုမှတဆင့် နာမီကျွန်းသို့ ဆက်လက်ထွက်ခွာပါမည်။ နာမီကျွန်းသည် သာယာလှပသော ရှုခင်းများ ပိုင်ဆိုင်ထားပြီး “ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” ဇာတ်လမ်းတွဲ ရိုက်ကူးခဲ့ရာ နေရာလည်းဖြစ်ပါသည်။ Cheonggye Stream ဆိုးလ်မြို့လယ်ရှိ ချွန်းဂဲစမ်းချောင်း နှင့် Gwangwhamun Square တို့သို့ လည်း ပို့ဆောင်ပေးပါမည်။ ဂွမ်ပာြာမွန်း ရင်ပြင်တွင် ဆဲဂျုံဘုရင်ရုပ်တုနှင့် အီစွန်းရှင် ဗိုလ်ချုပ်ရုပ်တု တို့နှင့်အတူ ဓါတ်ပုံရိုက်နိုင်ပါသည်။ (နေ့လယ်စာနှင့် ညစာများကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။) ညနေတွင် ဆိုးလ်မြို့တော်ရှိ 3 Star အဆင့်ရှိဟိုတယ်တွင် အဆင့်မြင့်မြင့် အနားယူကြပါမည်။
 

Day: 05 Seoul- Ski- Seoul ( B/ L/ D)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Ski Resort သို့ ထွက်ခွာပါမည်။ ပထမဦးစွာ ပင်လယ်ရေမျက်နှာပြင် အထက် (၁၇ဝ၈) မီတာ မြင့်သော ဆော်လက်တောင်ပေါ်သို့ ကေဘယ်လ်ကားဖြင့် ကောင်းကင်ခရီး အရှည် (၁၂ဝဝ) မီတာကို ကျော်ဖြတ်ပြီး ဂွမ်ဂုံတံတိုင်းရှိရာ တောင်ပေါ်သို့ လည်ပတ်ကြပါမည်။ တောင်ခြေတွင် စကိတ်စီးရန် ဝတ်စုံနှင့် Ski gear တို့ကို အသုံးပြုကာ ပျော်ရွှင်စွာဖြင့် စကိတ်စီးသင်ကြပါမည်။ (ဝန်ဆောင်မှုတွင် စကိတ်စီးဝတ်စုံ ပါဝင်ပြီး ဖြစ်ပါသည်။) ဆော်လက် တောင်ခြေရှိ တောင်မြောက် ပူးပေါင်းရေးကို ရည်စူး၍ တည်ထားသော ရှင်ပာြန်းဆာ ကျောင်းတော်ရှိ ဗုဒ္ဓဆင်းတုတော်ကိုလည်း ဖူးမြော်ကြပါမည်။ (နေ့လယ်စာနှင့် ညစာများကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။) ညနေတွင် ဆိုးလ်မြို့တော်ရှိ 3 Star အဆင့်ရှိဟိုတယ်တွင် ပြန်လည် အိပ်စက် အနားယူကြပါမည်။
 

Day: 06 Seoul- Lotte World (B/ L/ D)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဆေးဖက်ဝင် ဂျင်ဆင်း စိုက်ခင်းများသို့ သွားရောက်ကာ ဆေးဖက်ဝင် ဂျင်ဆင်းများကို လေ့လာကြပါမည်။ Cosmetic Shop သို့လည်း ဝင်ရောက်ပါမည်။ ထိုမှတဆင့် ကိုရီးယားရိုးရာ ကင်ချီမ်ပြုလုပ်ရာနေရာ Kimchi Making Session သို့ သွားရောက်ကာ လက်တွေ့ လုပ်ကိုင်ကြည့်ကြပါမည်။ ကိုရီးယားဝတ်စုံ (ပာန်းဘို့ဂ်) များကို ဝတ်ဆင်ကာ အမှတ်တရ ဓါတ်ပုံများ ရိုက်နိုင်ပါသည်။ အာဖရိကရွာ၊ တိရစ္ဆာန်ရုံနှင့် စိတ်ဝင်စားဖွယ် ကစားနည်းမျိုးစုံရှိသော Everland Theme Park အဲဗားလန်း ကစားကွင်းကြီးတွင်လည်း ဝင်ရောက်ဆော့ကစားကြပါမည်။ ညနေတွင် မြောင်ဒုံဖက်ရှင်ဈေးရှိ Nanta or Fantastick Show နန်တာ (ခေါ်) ဖန်တာစတစ်ရှိုး ကို သွားရောက်ခံစားကြပါမည်။ ၎င်းသည် စကားပြောဆိုမှုမပါ အသံနှင့် အမူအရာပာန်ပန်ဖြင့် စကားမဲ့ ဖျော်ဖြေတင်ဆက်မှုဖြစ်ပါသည်။ (နေ့လယ်စာနှင့် ညစာများကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။) ညနေတွင် ဆိုးလ်မြို့တော်ရှိ ဟိုတယ်သို့ ပြန်လည် ပို့ဆောင်ပေးပါမည်။
 

Day: 07 Seoul sightseeing (B/ L- Meal Coupon / D)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Amethyst Factory ခရမ်းဆွဲကျောက်နှင့် အလှကုန်ပစ္စည်းများ ပြုလုပ်ရာနေရာသို့ သွားရောက်လေ့လာပါမည်။ Oriental Herb Shop တွင် မိတ်ဆွေ၏ သွေးကြောစီးဆင်းမှု အနေအထားကို ခေတ်မီ ကိုရီးယား တိုင်းရင်းဆေး အစွမ်းဖြင့် စစ်ဆေးပေးပါမည်။ ထို့နောက် မျက်လှည့်ပြတိုက် Trick Eye Museum နှင့် ရေခဲရုပ်တု ပြတိုက် Ice Museum တို့သို့လည်း ပို့ဆောင်ပေးပါမည်။ (၂၃၆.၇) မီတာ မြင့်သော ဆိုးလ်တာဝါ ပေါ်မှနေ၍ ဆိုးလ်မြို့တစ်မြို့လုံးကို အပေါ်စီးမှ ရင်ခုန်စရာ ကြည့်ရှုကြပါမည်။ နမ်ဆန်း ရှေးပောင်းရိုးရာ ရွာသို့ သွားရောက်လည်ပတ်ကြပါဦးမည်။ ညနေတွင် ဈေးသက်သာသော Myeongdong မြောင်ဒုံဖက်ရှင် ဈေးလမ်းတစ်လျှောက် ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြပါမည်။

(နေ့လယ်စာနှင့် ညစာများကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။) Shopping ပြီးပါက ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။
 

Day: 08 Seoul- Departure (B)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်နိုင်ရန် စီစဉ်ပေးပါမည်။ ထို့နောက် စိတ်ချမ်းသာစွာ လွတ်လွတ်လပ်လပ် အပန်းဖြေအနားယူနိုင်ရန် အချိန်ရပါမည်။ ထို့နောက် ဟိုတယ် Check Out ထွက်ကာ အင်ချွန်းလေဆိပ်မှတဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

ပျော်ရွှင်စရာခရီးစဉ် ပြီးဆုံးပါပြီ


ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

- ခရီးစဉ်တွင် ပါဝင်သော ဗီဇာကြေးနှင့် ဝန်ဆောင်မှုများ (လိုအပ်သော စာရွက်စာတမ်းနှင့် နိုတြီကြေးများကို ခရီးသည်မှ ပေးဆောင်ရပါမည်။)
- အပြည်ပြည်ဆိုင်ရာ အသွားအပြန် လေယာဉ်လက်မှတ်
- ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်မှ ဂျဲဂျူသို့ သွားသော လေယာဉ်လက်မှတ်
- ဂျဲဂျူမှ ဆိုးလ်သို့ သွားသော လေယာဉ်လက်မှတ်
- ကိုရီးယားနိုင်ငံ၌ မြန်မာဧည့်လမ်းညွှန် ဝန်ဆောင်မှု
- Day 03 တွင် အပျော်စီးရေငုပ်သင်္ဘောစီးခြင်း (သို့) Circus Show ကြည့်ခြင်း
- Day 05 တွင် ဆော်လက်တောင်ခြေ၌ ဝတ်စုံပြည့်စကိတ်စီးခြင်း
- ခရီးစဉ်တွင် ပါဝင်သော Air-con ကား အကြို/အပို့
- ခရီးစဉ်အတွင်း ဟိုတယ်တည်းခိုခများ
- ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာများ
- ခရီးစဉ်တွင် ဖော်ပြထားသော သွားရောက်လည်ပတ် ဝင်ကြေးများအားလုံး

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

- Local Tour Guide နှင့် Bus Captain သို့ ပေးသော Tip money များ
- ဟိုတယ်သို့ စောဝင်ခြင်း Early check in ဝင်လိုသူများနှင့် နောက်ကျထွက်ခြင်း Late check out ထွက်လိုသူများအတွက် သတ်မှတ်ထားသော ဟိုတယ် ကျသင့်ငွေများ
- ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှု၊ စားစရိတ်များ၊ ကိုယ်ရေးကိုယ်တာ အသုံးစရိတ်များ
- ဟိုတယ်တွင် သုံးစွဲသော အဝတ်လျှော်ခ၊ ဖုန်းနှင့် Minibar အသုံးပြုခများ
- လေယာဉ်စီးရာတွင် ဝန်ပိုသယ်ဆောင်ခများ (Excess Buggage Charges)
- ခရီးစဉ်တွင် ဖော်ပြမထားသော လည်ပတ်မှုများနှင့် ဝင်ကြေးများ (Other Optional Tours)
- ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် ထပ်မံမှာယူ သုံးဆောင်သော ရေသန့်၊ အအေးနှင့် အခြားအဖျော်ယမကာများ
- ဟိုတယ်ရှိ Luggage Porter များအတွက် Tip Money

 

 

 

 

 

 



 

Click for Yangon, Myanmar Forecast