Home   Comment   Contact Us
Profile
Slideshow Image 1 Slideshow Image 2 Slideshow Image 3 Slideshow Image 4 Slideshow Image 5 Slideshow Image 6
                   

ထူးခြားစုံလင် စင်္ကာပူ - မလေးရှား ခရီးစဉ် (08D-07N)


Day 01 Yangon/ Kuala Lumpur – Genting Highland (-/-/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကွာလာလမ်ပူ လေဆိပ်သို့ရောက်ရှိသောအခါ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ကျောက်မျက်ဆိုင်များ၊ ဒေသထွက်ကုန် ပစ္စည်းများရောင်းသော ဆိုင်များ၊ နာရီဆိုင်များ စသည်တို့သို့ သွားရောက်လေ့လာပါမည်။ ဆက်လက်၍ Genting Highlands သို့ ဆက်လက်ထွက်ခွာပါမည်။ ၎င်းသည် မလေးရှားနိုင်ငံ၏ City of Entertainment ဖြစ်ပြီး နှစ်စဉ် ခရီးသွား ဧည့်သည်ပေါင်း သန်း(၂ဝ) ခန့်လာရောက် လည်ပတ်သော နေရာတစ်ခုဖြစ်သည်။ အများစုမှာ စင်္ကာပူမှတဆင့် လာရောက်သော ခရီးသွားများဖြစ်ကြသည်။ ထိုနေရာတွင် ဟိုတယ်များ၊ လောင်းကစားရုံများရှိပြီး ကလေးများနှင့် မိသားစုများအတွက် ပျော်ရွှင်စရာ ကစားကွင်း Theme Park ကြီးတစ်ခုလည်းဖြစ်သည်။ ၎င်းသည် Highlands ကုန်းပြင်မြင့်ကြီးတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်မှ အထက် (၁၇၆ဝ) မီတာတွင် တည်ရှိသည်။ ညစာသုံးဆောင်ပြီးနောက် Genting (5) star အဆင့်ရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
 

Day 02 Genting – Kuala Lumpur (B /L /D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ကွာလာလမ်ပူသို့ ပြန်လည်ထွက်ခွာလာပါမည်။ လမ်းခရီးတွင် Batu Cave သို့ ဝင်ရောက်လည်ပတ်ပါမည်။ နေ့လယ်စာ သုံးဆောင်ပြီးနောက် Chocolate Outlet Shop သို့ သွားရောက်လေ့လာပါမည်။ ဆက်လက်၍ City Tour အနေဖြင့် Parliament House, National Monument, National Museum, Independence Square နှင့် King Palace တို့သို့ သွားရောက်လည်ပတ်ပါမည်။ KLCC Twin Tower တွင် အမှတ်တရ ဓါတ်ပုံများ ရိုက်နိုင်ပါသည်။ ထို့နောက် မိမိစိတ်ကြိုက် လွတ်လပ်စွာ ဈေးဝယ်ထွက်နိုင်ပါသည်။ ညစာသုံးဆောင်ပြီးနောက် ကွာလာလမ်ပူရှိ (4) Star အဆင့်ရှိ ဟိုတယ်တွင် အေးချမ်းသာယာစွာ အိပ်စက်အနားယူပါမည်။
 

Day 03 Kuala Lumpur- Sunway Lagoon- Kuala Lumpur (B /L /D)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ နံနက်စာသုံးဆောင်ပြီးနောက် Sunway Lagoon Theme Park သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လယ်စာနှင့် ညစာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင် ကြပါမည်။ ညနေတွင် ကွာလာလမ်ပူရှိ (4)Star အဆင့်ရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။
 

Day 04 Kuala Lumpur- Malacca (B /L /D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မလက္ကာသို့ ခရီးဆက်ကြပါမည်။ လမ်းခရီးတွင် နေ့လယ်စာ သုံးဆောင်ပြီးနောက် မြို့သက်တမ်း နှစ်ပေါင်း (၆ဝဝ) ကျော်ရှိနေပြီဖြစ်သော မလက္ကာ မြို့ပောင်းကို လေ့လာ ကြပါမည်။ ဆက်လက်၍ Cheng Hood Temple, Jonkers Old Street, Finland Square, Paul Church စသော နေရာများသို့ သွားရောက်လည်ပတ်ကြပါမည်။ ညစာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ညနေတွင် မလက္ကာရှိ (4) Star အဆင့်ရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။
 

Day 05 Malacca- Singapore City Tour (B /L /D)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဟိုတယ် Check out ထွက်ပါမည်။ ဆက်လက်၍ စင်္ကာပူ သို့ ခရီးဆက်ပါမည်။ နေ့လယ်စာကို Johore Bahru တွင် သုံးဆောင်ကြပါမည်။ Malacca via TUAS 2nd Link ပာုခေါ်သော စင်္ကာပူ နှင့် မလေးရှား Johore Bahru ကြားရှိ နယ်စပ်ဖြတ်ကျော် တံတားမှတဆင့် စင်္ကာပူသို့ ရောက်ရှိပါမည်။ Merlion Park, Fountain of Wealth-Suntec City, Parliament House နှင့် Esplanade theatre စသော နေရာများသို့ သွားရောက်လည်ပတ်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် (4) Star အဆင့်ရှိ ပာုိတယ်တွင် အေးချမ်းသာယာစွာ အိပ်စက်အနားယူပါမည်။
 

Day06 Singapore-Jurong Bird Park+ S.E.A Aquarium (B/L/D)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ နံနက်စာသုံးဆောင်ပြီးနောက် Jurong Bird Park သို့ ဝင်ရောက်ကာ မော်တော်ယာဉ်ငယ်လေးများစီးကာ လည်ပတ်ကြည့်ရှုကြပါမည်။ ဆက်လက်၍ Mount Faber သို့ ဝင်ရောက်လည်ပတ်ပါဦးမည်။ Diamond Industry, Harbourmart တို့ သို့သွားရောက်လေ့လာပါမည်။ နေ့လယ်စာကို Korean BBQ ဖြင့် သုံးဆောင်ကြပါမည်။ S.E.A Aquarium သို့ လည်း ဝင်ရောက်လည်ပတ်ပြီးနောက် Vivo City တွင် Free Shopping ပြုလုပ်ကြပါမည်။ ညစာကို ဒေသခံ စားသောက်ဆိုင်တွင် စီစဉ်ထားပါသည်။ ညစာ သုံးဆောင်ပြီးနောက် (4) Star အဆင့်ရှိ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
 

Day07 Singapore- Universal Studios+ Wings of Time (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Chocolate Shop သို့ သွားရောက်လေ့လာပါမည်။ ထိုမှတဆင့် Universal Studios Singapore သို့သွားရောက်ပြီး ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်များဖြင့် အပန်းဖြေ နိုင်ပါသည်။ နေ့လယ်စာကို (၁ဝ) ဒေါ်လာတန်ကူပွန်ဖြင့် Universal Studios Singapore တွင်သုံးဆောင်ပါမည်။ ညနေစာကို ဒေသဆိုင်ရာ ဘူဖေးလ်ဖြင့် တည်ခင်းဧည့်ခံ မည်ဖြစ်ပါသည်။ ထို့နောက် Wings of Time ဖျော်ဖြေရေး အဖွဲ့ ဖျော်ဖြေမှုကို ကြည့်ရှုကြရပါမည်။ ထို့နောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
 

Day08: Singapore - Yangon (B/-/-)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် Gardens by the Bay သို့ သွားရောက်ကာ အမှတ်တရ ဓါတ်ပုံများ ရိုက်နိုင်ပါသည်။ ထို့နောက် လေဆိပ်သို့ ပို့ဆောင်ပေးပါမည်။ ပျော်ရွှင်စွာ အပန်းဖြေပြီးပါက ချန်ဂီ လေဆိပ်မှတဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

ပျော်ရွှင်စရာ ခရီးစဉ်ပြီးဆုံးပါပြီ
 

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

- အပြည်ပြည်ဆိုင်ရာ လေကြောင်းလက်မှတ်
- English guide / Chinese Tour Leader ဝန်ဆောင်မှု
- ခရီးစဉ်တွင် ပါဝင်သော Air-con ကား အကြို/အပို့
- ခရီးစဉ်အတွင်း ဟိုတယ်တည်းခိုခများ
- ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာများ
- ခရီးစဉ်တွင် ပါဝင်သော ဝင်ကြေးများ
- ခရီးစဉ်တွင် ပါဝင်သော ဗီဇာကြေးနှင့် ဝန်ဆောင်မှုများ (လိုအပ်သော စာရွက်စာတမ်းနှင့် နိုတြီကြေးများကို ခရီးသည်မှ ပေးဆောင်ရမည်။)

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

- Early check in ဝင်လိုသူများနှင့် Late check out ထွက်လိုသူများအတွက် သတ်မှတ်ထားသော ဟိုတယ် ကျသင့်ငွေများ
- ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှု၊ စားစရိတ်များ၊ ကိုယ်ရေးကိုယ်တာ အသုံးစရိတ်များ
- ဟိုတယ်တွင် သုံးစွဲသော အဝတ်လျှော်ခ၊ ဖုန်းနှင့် Minibar အသုံးပြုခများ
- လေယာဉ်စီးရာတွင် ဝန်ပိုသယ်ဆောင်ခများ (Excess Buggage Charges)
- ဟိုတယ်တွင် ထပ်မံမှာယူ သုံးဆောင်သော ရေသန့်၊ အအေးနှင့် အခြားအဖျော်ယမကာများ
- Local Tour Guide နှင့် Bus Captain သို့ ပေးသော Tip money များ (3$ per day)
- ဟိုတယ်ရှိ Luggage Porter များအတွက် Tip Money

 

 

 

 

 

 

 



 

Click for Yangon, Myanmar Forecast