Home   Comment   Contact Us
Profile
Slideshow Image 1 Slideshow Image 2 Slideshow Image 3 Slideshow Image 4 Slideshow Image 5 Slideshow Image 6
                   

ထူးခြားစုံလင် စင်္ကာပူ - မလေးရှား ခရီးစဉ် (07D-06N)

Day 01 Yangon/ Singapore (-/-/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းလိုင်း Y5-2233 ဖြင့် မနက် ၉ နာရီ ၄၅ မိနစ်တွင် ထွက်ခွါကာ စင်္ကာပူ စံတော်ချိန် နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် စင်္ကာပူနိုင်ငံ Changi (ချန်ဂီ) လေဆိပ်သို့ ရောက်ရှိပါမည်။ ရောက်ရှိသောအခါ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ဟိုတယ်သို့ ပို့ဆောင်ပေးပါမည်။ ညစာကို Chilli Crab Seafood Menu ဖြင့်သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။


Day 02 Singapore / Universal Studios / Wings of Time (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Biggest Diamond Industry & Medicated Oil & Beauty Products သို့ဝင်ရောက်လေ့လာပါမည်။ ထိုမှတဆင့် Universal Studios Singapore သို့သွားရောက်ပြီး ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်များဖြင့် အပန်းဖြေ နိုင်ပါသည်။ နေ့လယ်စာကို (၁ဝ) ဒေါ်လာတန်ကူပွန်ဖြင့် Universal Studios Singapore တွင်သုံးဆောင်ပါမည်။ ညစာကို ဒေသဆိုင်ရာ ဘူဖေးလ်ဖြင့် တည်ခင်းဧည့်ခံ မည်ဖြစ်ပါသည်။

ထို့နောက် Wings of Time ဖျော်ဖြေရေးအဖွဲ့ ဖျော်ဖြေမှုကို ကြည့်ရှုကြရပါမည်။ ထို့နောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။


Day 03 Singapore / Gardens By the Bay (B/L/D)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ ထို့နောက် စင်္ကာပူရိုးရာ လက်လုပ် ချောကလက်နှင့် သကြားလုံး ချိုချဉ်များ ပြုလုပ်ရာနေရာသို့ သွားရောက်လေ့လာကြပါမည်။ ဆက်လက်၍ City Tour အနေဖြင့် Parliament House, Esplanade theatre နှင့် Merlion Park သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လယ်စာကို Seoul Garden Restaurant တွင် Korean BBQ Buffet ဖြင့် သုံးဆောင်ရပါမည်။ နေ့လယ်စာ သုံးဆောင်ပြီးနောက် Garden by the Bay သို့ သွားရောက်လည်ပတ်ပါမည်။ ညနေတွင် Orchard လမ်းမကြီးတစ်လျှောက် Free Shopping ပြုလုပ်ကာ ညစာကို Thai Cuisine Restaurant တွင် သုံးဆောင်ကြပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။


Day 04 Singapore / Johore Bahru/ Malacca (B /L / D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Hotel Check outထွက်ပါမည်။ ဟိုတယ်Check out ထွက်ပြီးနောက် Malacca via TUAS 2nd Link ပာုခေါ်သော စင်္ကာပူ နှင့် မလေးရှား Johore Bahru ကြားရှိ နယ်စပ်ဖြတ်ကျော် တံတားမှတဆင့် မလက္ကာသို့ ရောက်ရှိပါမည်။ မြို့သက်တမ်း နှစ်ပေါင်း (၆ဝဝ) ကျော်ရှိနေပြီဖြစ်သော မလက္ကာ မြို့ပောင်းကို လေ့လာကြပါမည်။ နေ့လယ်စာသုံးဆောင်ပြီးနောက် Cheng Hood Temple, Jonkers Old Street, Finland Square, Paul Church စသော နေရာများသို့ သွားရောက်လည်ပတ်ပါမည်။ ညစာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် မလက္ကာရှိ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။


Day05 Malacca/ Kuala Lumpur/ Genting Highlands (B/L/D)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ နံနက်စာသုံးဆောင်ပြီးနောက် Genting Highland သို့ သွားရောက်လည်ပတ်ပါမည်။ ၎င်းသည် မလေးရှားနိုင်ငံ၏ City of Entertainment ဖြစ်ပြီး နှစ်စဉ် ခရီးသွား ဧည့်သည်ပေါင်း သန်း(၂ဝ) ခန့်လာရောက် လည်ပတ်သော နေရာတစ်ခုဖြစ်သည်။ အများစုမှာ စင်္ကာပူမှ တဆင့် လာရောက်သော ခရီးသွားများဖြစ်ကြသည်။ ထိုနေရာတွင် ဟိုတယ်များ၊ လောင်းကစားရုံများရှိပြီး ကလေးများနှင့် မိသားစုများအတွက် ပျော်ရွှင်စရာ ကစားကွင်း Theme Park ကြီးတစ်ခုလည်းဖြစ်သည်။ ၎င်းသည် Highlands ကုန်းပြင်မြင့်ကြီးတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်မှ အထက် (၁၇၆ဝ) မီတာတွင် တည်ရှိသည်။ နေ့လယ်စာနှင့် ညစာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ညနေတွင် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။


Day06 Genting Highland/ Kuala Lumpur/ Putrajaya (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် hotel check out ထွက်ပါမည်။ ဆက်လက်၍ ကွာလာလမ်ပူ မြို့တော်ဆီသို့ ခရီးဆက်ကြပါမည်။ နေ့လယ်စာကို လမ်းခရီးတွင် သုံးဆောင်ပြီးနောက် Royal Palace, Independence Square, New Putrajaya စသော နေရာများသို့ သွားရောက်လည်ပတ်ပါမည်။ Twin Tower တွင် အမှတ်တရ ဓါတ်ပုံများလည်းရိုက်နိုင်ပါသည်။ ချောကလက် Shop သို့ သွားရောက်လေ့လာပြီး Kuala Lumpur City Center တွင် မိမိစိတ်ကြိုက် Free Shopping ပြုလုပ်နိုင်ပါသည်။ ညစာကို ကွာလာလမ်ပူတွင် သုံးဆောင်ပြီး ညနေတွင် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။


Day07: Kuala Lumpur/ Yangon (B / -/ -)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် မိမိစိတ်ကြိုက် လွတ်လပ်စွာ အနားယူချိန်ရပါမည်။ ထို့နောက် လေဆိပ်သို့ ပို့ဆောင်ပေးပါမည်။ မလေးရှားနိုင်ငံ Sepang လေဆိပ်မှတဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

ပျော်ရွှင်စရာ ခရီးစဉ်ပြီးဆုံးပါပြီ

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

- အပြည်ပြည်ဆိုင်ရာ လေကြောင်းလက်မှတ်
- English guide / Chinese Tour Leader ဝန်ဆောင်မှု
- ခရီးစဉ်တွင် ပါဝင်သော Air-con ကား အကြို/အပို့
- ခရီးစဉ်အတွင်း ဟိုတယ်တည်းခိုခများ
- ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာများ
- ခရီးစဉ်တွင် ပါဝင်သော ဝင်ကြေးများ
- ခရီးစဉ်တွင် ပါဝင်သော ဗီဇာကြေးနှင့် ဝန်ဆောင်မှုများ (လိုအပ်သော စာရွက်စာတမ်းနှင့် နိုတြီကြေးများကို ခရီးသည်မှ ပေးဆောင်ရမည်။)

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

- Early check in ဝင်လိုသူများနှင့် Late check out ထွက်လိုသူများအတွက် သတ်မှတ်ထားသော ဟိုတယ် ကျသင့်ငွေများ
- ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှု၊ စားစရိတ်များ၊ ကိုယ်ရေးကိုယ်တာ အသုံးစရိတ်များ
- ဟိုတယ်တွင် သုံးစွဲသော အဝတ်လျှော်ခ၊ ဖုန်းနှင့် Minibar အသုံးပြုခများ
- လေယာဉ်စီးရာတွင် ဝန်ပိုသယ်ဆောင်ခများ (Excess Buggage Charges)
- ဟိုတယ်တွင် ထပ်မံမှာယူ သုံးဆောင်သော ရေသန့်၊ အအေးနှင့် အခြားအဖျော်ယမကာများ
- Local Tour Guide နှင့် Bus Captain သို့ ပေးသော Tip money များ (3$ per day)
- ဟိုတယ်ရှိ Luggage Porter များအတွက် Tip Money

 

 

 

 

 

 

 



 

Click for Yangon, Myanmar Forecast