Home   Comment   Contact Us
Profile
Slideshow Image 1 Slideshow Image 2 Slideshow Image 3 Slideshow Image 4 Slideshow Image 5 Slideshow Image 6
                   

ရန်ကုန်-ပာနွိုင်း-ပာလောင်း အပျော်စီးသင်္ဘောခရီးစဉ် (4D3N)

DAY 1 ARRIVAL HANOI ( - / - / - )

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်လေကြောင်းလိုင်းဖြင့် ည (၇နာရီ ၁ဝ မိနစ်) တွင် ထွက်ခွာပြီး ၊ ဗီယက်နမ်နိုင်ငံ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဗီယက်နမ် စံတော်ချိန် ည (၉ နာရီ၊ မိနစ် ၃ဝ) ခန့်တွင် ရောက်ရှိပါမည်။ လေဆိပ်သို့ ရောက်ရှိသောအခါ Private Non-smoking ကားဖြင့် ပာနွိုင်းမြို့ရှိ ဟိုတယ်သို့ Check In ဝင်ရန်ပို့ဆောင်ပေးပါမည်။ ဗီယက်နမ်နိုင်ငံ၏ မြို့တော် ပာနွိုင်းသည် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင် ကတည်းက တည်ရှိနေခဲ့ပြီး လှပသော ကန်တော်ကြီးများ၊ ပြင်သစ်စတိုင် အဆောက်အအုံများ၊ လမ်းကြားပောင်းများ၊ လမ်းမကြီးများ၊ ဘုရားကျောင်းများနှင့် ပုထိုးစေတီများနှင့် လှပသော မြို့တစ်မြို့ဖြစ်ပါသည်။ ပာနွိုင်းသည် အာရှတိုက်ရှိ စွဲဆောင်မှုအရှိဆုံး မြို့များအနက် တစ်မြို့ဖြစ်ပါသည်။


DAY 2 HANOI – HA LONG Bay ( Hotel Breakfast/ Cruise Lunch/ Cruise Dinner )

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ပာလောင်းဘေသို့ သွားရောက်ရန် ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပါမည်။ (၄) နာရီခန့် ကားဖြင့် HaLong Bay သို့ သွားရာ လမ်းတစ်လျှောက်တွင် ဗီယက်နမ် မြောက်ပိုင်းရှိကျေးရွာများ နှင့် စိမ်းလန်းသော စိုက်ခင်းများနှင့် လှပသောရှုခင်း များကိုခံစားရမည်ဖြစ်ပါသည်။ HaLong ပင်လယ်အော်သည် 1994 ခုနှစ်တွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် UNESCO အဖွဲ့မှ အသိအမှတ်ပြု ထားသော နေရာတစ်ခု ဖြစ်ပါသည်။ ပာလောင်းဘေတွင် Cruise စီးကာ ပျော်ရွှင်စွာဖြင့် လည်ပတ်ကြပါမည်။

နဂါးသွားများ သဏ္ဍာန် ထုံးကျောက်ကျွန်း ထောင်ပေါင်းများစွာနှင့် အတူ မိုးထိအောင် လှပနေသော ရှုခင်းများကို ထိတွေ့ခံစားရန် အခွင့်အရေးရရှိပါမည်။ နေ့လယ်စာကို သင်္ဘောပေါ်တွင် သုံးဆောင်ရပါမည်။ ထို့နောက် ပာလောင်းဘေ၏ အမြင့်ဆုံးနေရာသို့ သွားရောက်ကာ ရှုခင်းများအားလုံးကို အပေါ်စီးမှနေ၍ ကြည့်ရှုကြပါမည်။ ရေကူးခြင်း၊ နေပူစာလှုံခြင်းများဖြင့် မိမိစိတ်ကြိုက် အနားယူအပန်းဖြေနိုင်ပါသည်။ ညနေတွင် စိတ်ဝင်စားစရာ ငါးဖမ်းရွာသို့ သွားရောက်ကာ ဒေသခံ ငါးဖမ်းသမားများ၏ နေ့စဉ်ဘဝ ဖြတ်သန်းမှုများကို ဗဟုသုတအဖြစ် လေ့လာကြပါမည်။ နေဝင်ဆည်းဆာချိန်တွင် Kayak (ခေါ်) ဖိုင်ဘာဖြင့် ပြုလုပ်ထားသော ပေါ့ပါးသည့် လှေငယ်တစ်မျိုးကို စီးကာ သဘာဝ ကျွန်းစုများနှင့် သန္တာကျောက်တန်းများကို အနီးကပ် လေ့လာနိုင်ပါသည်။ ထို့နောက် Cruise ဆီသို့ ပြန်သွားကာ နေဝင်ချိန်ကို ခံစားရင်း ညစာသုံးဆောင်ကြပါမည်။ ယနေ့ညချမ်းကို Cruise ပေါ်တွင် အေးချမ်းစွာ ကုန်ဆုံးကြပါမည်။


DAY 3 HA LONG BAY – HANOI ( Breakfast / Brunch Lunch/ Vietnamese Dinner )

နံနက်စာကို Cruise ပေါ်တွင် သုံးဆောင်ကြပါမည်။ ထို့နောက် Upper Deck မှနေ၍ ပာလောင်းဘေ ၏ မြစိမ်းရောင်ရေများအကြားမှ ထိုးထွက်နေသော ကျောက်ဆောင်တန်းများ၏ အလှကို ရင်သပ်ရှုမောဖွယ် ခံစားရင်း အပန်းဖြေနိုင်ပါသည်။ ပာလောင်းဘေရှိ အကြီးမားဆုံး ကျောက်ဆောင်တစ်ခုဖြစ်သော Sung Sot ကျောက်ဆောင်သို့လည်း သွားရောက်လေ့လာကြပါမည်။ လေ့လာပြီးပါက ဆိပ်ကမ်းသို့ ပြန်ကပ်ကာ brunch (ခေါ်) နေ့လယ်စာသုံးဆောင်ကြပါမည်။ ထို့နောက် ပာနွိုင်းမြို့သို့ ပြန်လည်ထွက်ခွာပါမည်။ Hoan Kiem Lake, Ngoc Son Temple သို့ဝင်ရောက်လည်ပတ်ကာ Hanoi Old Quarter တွင် ဈေးဝယ်ထွက်ချိန်ရပါမည်။

ညစာကိုဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဗီယက်နမ်နိုင်ငံ၏ အကျော်ကြားဆုံး တင်ဆက်မှုတစ်ခုဖြစ်သော Water Puppet Show ကို ကြည့်ရှုခံစားရပါမည်။ ၎င်းသည် ရေပေါ်တွင် တင်ဆက်သော ထူးခြားသည့် ဗီယက်နမ် ယဉ်ကျေးမှု ပြယုဂ်တစ်ခုလည်းဖြစ်သည်။ ညနေတွင် ပာနွိုင်းရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။


DAY 4 CITY TOUR - HANOI DEPARTURE ( Hotel Breakfast / Buffet Lunch /- )

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် City tour စတင်ပါမည်။ ပထမဦးစွာ ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးတက္ကသိုလ် တစ်ခုဖြစ်သော (၁ဝ၇၆) ခုနှစ်က တည်ထောင်ခဲ့သော Temple of Literature သို့ သွားရောက်လေ့လာပါမည်။ ကမ္ဘာကျော် တရုတ်တွေးခေါ်ပညာရှင်ကြီး ကွန်ဖျူးရှပ်သည် ဤကျောင်းတော်တွင် စာပေလေ့လာခဲ့သည်ဟု မှတ်သားရပါသည်။ ထို့နောက် Ba Dinh Square, အမျိုးသား ခေါင်းဆောင်ကြီး ပာိုချီမင်းဗိမ္မာန် အပြင်ဘက် နှင့် One Pillar Pagoda တို့သို့သွားရောက်လေ့လာပါမည်။ ၎င်းသည်(၁ဝ၄၉) ခုနှစ်က ကျောက်တိုင်လုံး တစ်ခုတည်းပေါ်တွင် တည်ဆောက်ခဲ့သော သစ်သားမုခ်ဦး အဆောက်အဦး တစ်ခုဖြစ်သည်။(ပာိုချီမင်း အထိမ်းအမှတ် ဂူဗိမ္မာန်သည် နံနက်ပိုင်းတွင်သာ ဖွင့်ပြီး နေ့လယ်ပိုင်းတွင် ပိတ်ပါသည်။ သောကြာနေ့နှင့် တနင်္လာနေ့တို့တွင် တစ်နေ့လုံးပိတ်ပါသည်။

ပာနွိုင်းမြို့ရှိ ဗုဒ္ဓဘာသာ စင်တာတစ်ခုဖြစ်သော Tran Quoc Pagoda သို့ ဆက်လက် ထွက်ခွာပါမည်။ နေ့လယ်စာကို ပာနွိုင်းမြို့ရှိ စားသောက်ဆိုင်တွင် International Buffet ဖြင့်သုံးဆောင်ကြရပါမည်။ ထို့နောက် ဗီယက်နမ်၏ အမှတ်တရများစွာကို သယ်ဆောင်ရင်း လေဆိပ်သို့ ပို့ဆောင်ပေးပါမည်။ ညနေ (၄နာရီ ၄ဝမိနစ်) တွင် ဗီယက်နမ်လေကြောင်းဖြင့် ထွက်ခွာကာ မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညနေ (၆နာရီ ၁ဝ မိနစ်) ခန့်တွင် အေးချမ်းစွာ ပြန်လည်ရောက်ရှိပါမည်။

ပျော်ရွှင်စရာခရီးစဉ် ပြီးဆုံးပါပြီ

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

- အပြည်ပြည်ဆိုင်ရာ အသွားအပြန် လေယာဉ်လက်မှတ်
- ခရီးစဉ်တွင် ပါဝင်သော Air-con ကား အကြို/အပို့
- ခရီးစဉ်အတွင်း ဟိုတယ်တည်းခိုခများ
- ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လယ်စာ၊ ညစာများ သုံးဆောင်မှု
- ခရီးစဉ်တွင် ဖော်ပြထားသော သွားရောက်လည်ပတ် ဝင်ကြေးများအားလုံး
- အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန် ဝန်ဆောင်မှု
- ဧည့်လမ်းညွှန်နှင့် ကားဒရိုင်ဘာအတွက် Tip Money
- တစ်နေ့လျှင် သောက်ရေသန့် (၂) ဘူး၊ Wet Tissue (၂) ခု

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

- ဟိုတယ်သို့ စောဝင်ခြင်း Early check in ဝင်လိုသူများနှင့် နောက်ကျထွက်ခြင်း Late check out ထွက်လိုသူများအတွက် သတ်မှတ် ထားသော ဟိုတယ် ကျသင့်ငွေများ
- ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှု၊ စားစရိတ်များ၊ ကိုယ်ရေးကိုယ်တာ အသုံးစရိတ်များ
- ဟိုတယ်တွင် သုံးစွဲသော အဝတ်လျှော်ခ၊ ဖုန်းနှင့် Minibar အသုံးပြုခများ
- လေယာဉ်စီးရာတွင် ဝန်ပိုသယ်ဆောင်ခများ (Excess Buggage Charges)
- ခရီးစဉ်တွင် ဖော်ပြမထားသော လည်ပတ်မှုများနှင့် ဝင်ကြေးများ (Other Optional Tours)
- ဟိုတယ်တွင် ထပ်မံမှာယူ သုံးဆောင်သော ရေသန့်၊ အအေးနှင့် အခြားအဖျော်ယမကာများ
- ဟိုတယ်ရှိ Luggage Porters များအတွက် Tip Money

 

 

 

 

 

 

 



 

Click for Yangon, Myanmar Forecast