Yangon Singapore Yangon (4D3N)
Day 01 Yangon Singapore- Gardens by the Bay (-/L/D)
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းလိုင်း Y5-2233
ဖြင့် မနက် ၉ နာရီ ၄၅ မိနစ်တွင် ထွက်ခွါကာ စင်္ကာပူ
စံတော်ချိန် နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် စင်္ကာပူနိုင်ငံ
Changi (ချန်ဂီ) လေဆိပ်သို့ ရောက်ရှိပါမည်။ ရောက်ရှိသောအခါ
ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး
ဟိုတယ်သို့
ပို့ဆောင်ပေးပါမည်။ နေ့လယ်စာကို Chili Crab+ Deep-fried
Chinese Bun ဖြင့် သုံးဆောင်ပါမည်။ ထို့နောက် Gardens by the
Bay သို့ သွားရောက်လည်ပတ်ပါမည်။ ညနေတွင် Free Shopping
အနေဖြင့် Little Myanmar Town ပာုခေါ်သော Peninsula Plaza
တွင် ဈေးဝယ်ထွက်ကြပါမည်။ ညစာကို Famous Hainanese Chicken Rice
House တွင် သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးပါက 4 Star
အဆင့်ရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 02 Singapore / Universal Studios / Wings of Time (B/L/D)
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Biggest Diamond
Industry & Medical Oil & Beauty Products
သို့ဝင်ရောက်လေ့လာပါမည်။ ထိုမှတဆင့် Universal Studios
Singapore သို့သွားရောက်ပြီး ပျော်ရွှင်စရာ
ဂိမ်းအစီအစဉ်များဖြင့် အပန်းဖြေ နိုင်ပါသည်။ နေ့လယ်စာကို (၁ဝ)
ဒေါ်လာတန်ကူပွန်ဖြင့် Universal Studios Singapore
တွင်သုံးဆောင်ပါမည်။ ညနေစာကို ဒေသဆိုင်ရာ ဘူဖေးလ်ဖြင့်
တည်ခင်းဧည့်ခံ မည်ဖြစ်ပါသည်။ ထို့နောက် Wings of Time
ဖျော်ဖြေရေးအဖွဲ့ ဖျော်ဖြေမှုကို ကြည့်ရှုကြရပါမည်။ ထို့နောက်
ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 03 Singapore / Hwa Par Villa & Tiger Balm Gardens (B/L/D)
နံနက်စာကို
ဟိုတယ်တွင် သုံးဆောင်ပါမည်။ ထို့နောက်
စင်္ကာပူရိုးရာ လက်လုပ် ချောကလက်နှင့် သကြားလုံး ချိုချဉ်များ
ပြုလုပ်ရာနေရာသို့ သွားရောက်လေ့လာကြပါမည်။ ဆက်လက်၍ City Tour
အနေဖြင့် Parliament House, Esplanade theatre နှင့် Merlion
Park သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လယ်စာကို Seoul Garden
Restaurant တွင် Korean BBQ Buffet ဖြင့် သုံးဆောင်ရပါမည်။
နေ့လယ်တွင် Haw Par Villa သို့ သွားရောက်လည်ပတ်ပါမည်။ ၎င်းသည်
ကြီးမားသော Theme Park ကြီးတစ်ခုဖြစ်ပြီး တရုတ် ဒဏ္ဍာရီ၊
သမိုင်းများနှင့် ယဉ်ကျေးမှုများကို ဖော်ပြနေသော ရုပ်တုပေါင်း
(၁ဝဝဝ) ခန့်နှင့် ကြီးမားသော ပုံစံငယ် အရုပ်များ (၁၅ဝ) ခန့်
ဖြင့် သရုပ်ဖော်ထားသော နေရာဖြစ်သည်။ ညနေတွင် Orchard
လမ်းမကြီးတစ်လျှောက် Free Shopping ပြုလုပ်ကာ ညစာကို Thai
Cuisine Restaurant တွင် သုံးဆောင်ကြပါမည်။
ညစာသုံးဆောင်ပြီးပါက
ဟိုတယ်တွင် အေးချမ်းစွာ
အိပ်စက်အနားယူပါမည်။
Day 04 Singapore / Departure (B/ -/-)
နံနက်စာကို
ဟိုတယ်တွင် သုံးဆောင်ပါမည်။
ဟိုတယ် Check out
လုပ်ပြီးပါက Changi Airport မှတဆင့် လေကြောင်းလိုင်း Y5-2234
ဖြင့် စင်္ကာပူစံတော်ချိန် နံနက် (07း20) တွင်စတင်
ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့
မြန်မာစံတော်ချိန် နံနက် (08:50) တွင် ဆိုက်ရောက်ပါမည်။
ပျော်ရွှင်စရာ ခရီးစဉ်ပြီးဆုံးပါပြီ
ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ
- အပြည်ပြည်ဆိုင်ရာ လေကြောင်းလက်မှတ်
- English guide / Chinese Tour Leader ဝန်ဆောင်မှု
- ခရီးစဉ်တွင် ပါဝင်သော Air-con ကား အကြို/အပို့
- ခရီးစဉ်အတွင်း
ဟိုတယ်တည်းခိုခများ
- ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာများ
- ခရီးစဉ်တွင် ပါဝင်သော ဝင်ကြေးများ
- တစ်နေ့လျှင် သောက်ရေသန့်တစ်ဘူး
- ခရီးစဉ်တွင် ပါဝင်သော ဗီဇာကြေးနှင့် ဝန်ဆောင်မှုများ
(လိုအပ်သော စာရွက်စာတမ်းနှင့် နိုတြီကြေးများကို ခရီးသည်မှ
ပေးဆောင်ရမည်။)
ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ
- Local Tour Guide နှင့် Bus Captain သို့ ပေးသော Tip money
များ
- Early check in ဝင်လိုသူများနှင့် Late check out
ထွက်လိုသူများအတွက် သတ်မှတ်ထားသော
ဟိုတယ် ကျသင့်ငွေများ
- ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှု၊ စားစရိတ်များ၊
ကိုယ်ရေးကိုယ်တာ အသုံးစရိတ်များ
- ဟိုတယ်တွင် သုံးစွဲသော အဝတ်လျှော်ခ၊ ဖုန်းနှင့် Minibar
အသုံးပြုခများ
- လေယာဉ်တွင် ဝန်ပိုသယ်ဆောင်ခများ
|