Home   Comment   Contact Us
Profile
Slideshow Image 1 Slideshow Image 2 Slideshow Image 3 Slideshow Image 4 Slideshow Image 5 Slideshow Image 6
                   

Yangon – Singapore – Yangon (5D4N)

Day 01 Yangon – Singapore Arrival (-/-/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းလိုင်း Y5-2233 ဖြင့် မနက် ၉ နာရီ ၄၅ မိနစ်တွင် ထွက်ခွါကာ စင်္ကာပူ စံတော်ချိန် နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် စင်္ကာပူနိုင်ငံ Changi (ချန်ဂီ) လေဆိပ်သို့ ရောက်ရှိပါမည်။ ရောက်ရှိသောအခါ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ဟိုတယ်သို့ ပို့ဆောင်ပေးပါမည်။ ညစာကို Chili Crab+ Deep-fried Chinese Bun ဖြင့် သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးပါက 4 Star အဆင့်ရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။


Day 02 Singapore / Universal Studios / Wings of Time (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Biggest Diamond Industry & Medical Oil & Beauty Products သို့ဝင်ရောက်လေ့လာပါမည်။ ထိုမှတဆင့် Universal Studios Singapore သို့သွားရောက်ပြီး ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်များဖြင့် အပန်းဖြေ နိုင်ပါသည်။ နေ့လယ်စာကို (၁ဝ) ဒေါ်လာတန်ကူပွန်ဖြင့် Universal Studios Singapore တွင်သုံးဆောင်ပါမည်။ ညနေစာကို ဒေသဆိုင်ရာ ဘူဖေးလ်ဖြင့် တည်ခင်းဧည့်ခံ မည်ဖြစ်ပါသည်။ ထို့နောက် Wings of Time ဖျော်ဖြေရေးအဖွဲ့ ဖျော်ဖြေမှုကို ကြည့်ရှုကြရပါမည်။ ထို့နောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။


Day 03 Singapore / Gardens by the Bay (B/L/D)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ ထို့နောက် စင်္ကာပူရိုးရာ လက်လုပ် ချောကလက်နှင့် သကြားလုံး ချိုချဉ်များ ပြုလုပ်ရာနေရာသို့ သွားရောက်လေ့လာကြပါမည်။ ဆက်လက်၍ City Tour အနေဖြင့် Parliament House, Esplanade theatre နှင့် Merlion Park သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လယ်စာကို Seoul Garden Restaurant တွင် Korean BBQ Buffet ဖြင့် သုံးဆောင်ရပါမည်။

နေ့လယ်စာ သုံးဆောင်ပြီးပါက Garden by the Bay သို့ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် Orchard လမ်းမကြီးတစ်လျှောက် မိမိစိတ်ကြိုက် လွတ်လပ်စွာ Free Shopping ပြုလုပ်နိုင်ပါသည်။ ညစာကို Thai Cuisine Restaurant တွင် စီစဉ်ထားပါသည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
 

Day 04 Singapore / Jurong Bird Park/ Hwa Par Villa (B/L/D)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ ထို့နောက် Jurong Bird Park သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လယ်စာကို Hainanese Chicken Rice House တရုတ် စားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ဆက်လက်၍ China Town ရှိ Thian Hock Keng Temple သို့ သွားရောက်လေ့လာပါမည်။ ထို့နောက် Bugis တွင် မိမိစိတ်ကြိုက် Free Shopping ပြုလုပ်ကာ ညစာကို Little Burmese Restaurant တွင် သုံးဆောင်ကြပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။


Day 05 Singapore / Departure (B/ -/-)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ ဟိုတယ် Check out လုပ်ပြီးပါက Changi Airport မှတဆင့် လေကြောင်းလိုင်း Y5-2234 ဖြင့် စင်္ကာပူစံတော်ချိန် နံနက် (07:20) တွင်စတင် ထွက်ခွါမည်ဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မြန်မာစံတော်ချိန် နံနက် (08:50) တွင် ဆိုက်ရောက်ပါမည်။

ပျော်ရွှင်စရာ ခရီးစဉ်ပြီးဆုံးပါပြီ

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

- အပြည်ပြည်ဆိုင်ရာ လေကြောင်းလက်မှတ်
- English guide / Chinese Tour Leader ဝန်ဆောင်မှု
- ခရီးစဉ်တွင် ပါဝင်သော Air-con ကား အကြို/အပို့
- ခရီးစဉ်အတွင်း ဟိုတယ်တည်းခိုခများ
- ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာများ
- ခရီးစဉ်တွင် ပါဝင်သော ဝင်ကြေးများ
- တစ်နေ့လျှင် သောက်ရေသန့်တစ်ဘူး
- ခရီးစဉ်တွင် ပါဝင်သော ဗီဇာကြေးနှင့် ဝန်ဆောင်မှုများ (လိုအပ်သော စာရွက်စာတမ်းနှင့် နိုတြီကြေးများကို ခရီးသည်မှ ပေးဆောင်ရမည်။)

ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ

- Local Tour Guide နှင့် Bus Captain သို့ ပေးသော Tip money များ
- Early check in ဝင်လိုသူများနှင့် Late check out ထွက်လိုသူများအတွက် သတ်မှတ်ထားသော ဟိုတယ် ကျသင့်ငွေများ
- ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှု၊ စားစရိတ်များ၊ ကိုယ်ရေးကိုယ်တာ အသုံးစရိတ်များ
- ဟိုတယ်တွင် သုံးစွဲသော အဝတ်လျှော်ခ၊ ဖုန်းနှင့် Minibar အသုံးပြုခများ
- လေယာဉ်တွင် ဝန်ပိုသယ်ဆောင်ခများ

 

 

 

 

 

 

 



 

Click for Yangon, Myanmar Forecast