Home   Comment   Contact Us
Profile
Slideshow Image 1 Slideshow Image 2 Slideshow Image 3 Slideshow Image 4 Slideshow Image 5 Slideshow Image 6
                   

ခရီးသွားခြင်းသည် စိတ်လက်ပေါ့ပါးစေပြီး ရှေ့ဆက်ရမည့် အနာဂတ်ခရီးအတွက် ခွန်အား အသစ်များရစေပါသည်။ ပြည်ပဗဟုသုတ အတွေ့အကြုံများ ရစေရန် Life Umbrella Tours မှ ပြည်ပခရီးစဉ်များကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် စီစဉ်ထားပါသည်။ (Group Tour သွားလိုသူများ နှင့် မိမိစိတ်ကြိုက် သီးသန့်သွားချင်သူများ အတွက်လည်း အသက်သာဆုံး ဈေးနှုန်းဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးနေပါသည်။)

ဆောင်းဦးရွက်ကြွေ ကိုရီးယားမြေခရီးစဉ်ခရီးစဉ်

လူကြိုက်များတဲ့ ပြည်ပခရီးစဉ်တွေထဲက တစ်ခုဖြစ်တဲ့ ကိုရီးယား ခရီးစဉ်လေးကလည်း သွားချင်စရာပါ။

ပထမဆုံးရက်မှာ ကိုရီးယားနိုင်ငံ အင်ချွန်းမှတဆင့် ဂျဲဂျူကိုသွားဖို့ လေယာဉ်ပြောင်းစီးရပါမယ်။ ဂျိုဆွန်ဘုရင် လေးဆက်မြောက်လက်ထက်က Gyeongbok နန်းတော်၊ Presidential Blue House၊ (၁၈၄၆) စတုရန်း ကီလိုမီတာ ကျယ်ဝန်းတဲ့ ဂျဲဂျူကျွန်း၊ ဒီကျွန်းပာ ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံးကျွန်းတစ်ခုဖြစ်ပြီး မီးတောင်ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့အံ့ဖွယ်တစ်ခု၊ ပြီးတော့ ဂျဲဂျူ ကနေ ဆိုးလ် မြို့ကို လေယာဉ်နဲ့ ခရီးဆက်ဦးမှာ ဖြစ်ပါတယ်။ ကိုရီးယား ဒရာမာ ဇာတ်လမ်းတွဲများ ရိုက်ကူး အောင်မြင်ခဲ့သော နာမီကျွန်းသည် လည်း ရှုတင် Location အလွန်ကောင်းတာကြောင့် သင်ကြည့်ဖူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေကို အမှတ်ရစေမှာပါ။ Ganwon-do Seoukcho မြို့ရှိ Seorak တောင်ပေါ်ကို ကောင်းကင် ကေဘယ်လ်ကားဖြင့် တက်ရောက်ကြကာ စကိတ်စီးမည့် အစီအစဉ်လဲပါဝင်ပါတယ်။ ဆိုးလ် City Tour အနေနဲ့ စိတ်ဝင်စားဖွယ် အထင်ကရ ယဉ်ကျေးမှု နေရာများစွာကိုလည်း ပို့ဆောင်ပေးဦးမှာပါ။ သင့်ရဲ့စိတ်ကူးယဉ် အိပ်မက်ထဲက ဆောင်းဦးရွက်ကြွေ ကိုရီးယားမြေခရီးစဉ်ကို Life Umbrella Tours မှ အကောင်အထည်ဖော်ပေးပါရစေ။

 >> ဆောင်းဦးရွက်ကြွေ ကိုရီးယားမြေခရီးစဉ်ခရီးစဉ် 8D7N

ထူးခြားစုံလင် စင်္ကာပူ - မလေးရှား ခရီးစဉ်

စကာၤပူနိုင်ငံနှင့် မလေးရှားနိုင်ငံ သို့ သွားချင်သူများအတွက် သီးသန့်စီ အချိန်ပေးစရာမလိုပဲ တစ်ခါတည်းနှင့် (၂)နိုင်ငံစလုံးသို့ လည်ပတ်နိုင်မည့် ခရီးစဉ်ဖြစ်ပါသည်။ ၆ညအိပ် ၇ရက် (သို့) ၇ညအိပ် ၈ရက်ခရီးစဉ် မိမိနှစ်သက်ရာကို ရွေးချယ်နိုင်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၂ဝဝဝ) ခန့်တွင် တည်ရှိပြီး မလေးရှားနိုင်ငံ၏ “Las Vegas of Malaysia” ဟုလူသိများသော Genting Highlands, နာမည်ကျော် Buta Cave, Parliament House, National Monument, National Museum, Independence Square နှင့် King Palace, KLCC Twin Tower, Sunway Lagoon Theme Park, မလက္ကာ မြို့ပောင်း, Cheng Hood Temple, Jonkers Old Street, Finland Square, Paul Church စသောနေရာများ, စင်္ကာပူနိုင်ငံ၏ အထင်ကရ Merlion Park, Fountain of Wealth-Suntec City, Parliament House နှင့် Esplanade theatre, နာမည်ကျော် Jurong Bird Park, Mount Faber, Diamond Industry, Harbourmart, S.E.A Aquarium, Universal Studios Singapore, Wings of Time, Gardens by the Bay စသည့် နာမည်ကျော်နေရာစုံတို့သို့ သွားရောက်လည်ပတ်မည့် ခရီးစဉ်ဖြစ်ပါသည်။

 >> ထူးခြားစုံလင် စင်္ကာပူ - မလေးရှား ခရီးစဉ် 8D7N
 >> ထူးခြားစုံလင် စင်္ကာပူ - မလေးရှား ခရီးစဉ် 7D6N

ရန်ကုန်-ပာနွိုင်း-ပာလောင်း အပျော်စီးသင်္ဘောခရီးစဉ်

အရှေ့တောင်အာရှ (၁ဝ) နိုင်ငံစာရင်းဝင် ဗီယက်နမ် နိုင်ငံသည်လည်း သွားရောက်လည်ပတ်သင့်သော နေရာများအနက်မှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံသည် ဗီဇာကင်းလွတ်ခွင့်ပြုထားတာကြောင့် လူကြီးမင်းတို့ စိတ်ဝင်စားတဲ့အချိန်မှာ အလွယ်တကူပဲ သွားရောက်နိုင်ပါတယ်။ မိမိရဲ့ ဘဝတစ်သက်တာမှာ အမှတ်တရဖြစ်ရုံသာမက တွေးမိတိုင်း ပျော်ရွှင်စရာခံစားမှုနဲ့ လတ်ဆတ်တဲ့ ခံစားမှုတွေ ပြန်လည်ရရှိနိုင်မည့် ဗီယက်နမ်ခရီးစဉ်လေးဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကတည်းက တည်ရှိနေခဲ့တဲ့ ဗီယက်နမ်နိုင်ငံရဲ့မြို့တော် ပာနွိုင်း၊ နာမည်ကျော် ပာလောင်းပင်လယ်အော် နဲ့ အပျော်စီး သင်္ဘော ခရီးစဉ်၊ ပာနွိုင်း City Tour နဲ့ Hanoi Old Quarter မှာ Shopping ထွက်မည့် အစီအစဉ်၊ ပာိုတယ်မှာ (၂)ညအိပ်ပြီး Cruise ပေါ်မှာ (၁)ညအိပ်ဖြတ်သန်းမည့် ခရီးစဉ်ဖြစ်ပါသည်။

 >> ရန်ကုန်-ပာနွိုင်း-ပာလောင်း အပျော်စီးသင်္ဘောခရီးစဉ် 4D3N

ပျော်စရာစုံလင် စင်္ကာပူခရီးစဉ်

ပြည်ပခရီးသွားမည်ဟု စဉ်းစားကြသူတိုင်း ထိပ်ဆုံးမှ ရွေးချယ်ကြတဲ့ နိုင်ငံကတော့ စင်္ကာပူ နိုင်ငံဖြစ်ပါတယ်။ Life Umbrella Tours က စင်္ကာပူ ခရီးစဉ်ကို အဆင့်မြင့်မြင့် စီစဉ်ထားပါတယ်။ နာမည်ကျော် Gardens by the Bay, Jurong Bird Park, Biggest Diamond Industry & Medical Oil & Beauty Products, Universal Studios Singapore, Parliament House, Esplanade theatre နှင့် Merlion Park, တရုတ် ဒဏ္ဍာရီ၊ သမိုင်းများနှင့် ယဉ်ကျေးမှုများကို ဖော်ပြနေသော Haw Par Villa, Wings of Time ဖျော်ဖြေရေးအဖွဲ့၏ ဖျော်ဖြေမှုများကိုခံစားရင်း “ Little Myanmar Town” ဟုခေါ်သော Peninsula Plaza တွင် ဈေးဝယ်ထွက်နိုင်မည့် အစီအစဉ်စသော အစီအစဉ်ကောင်းများနှင့် အတူ ၃ညအိပ် ၄ရက် (သို့) ၄ညအိပ် ၅ရက် မိမိစိတ်ကြိုက် ခရီးစဉ်ကို ရွေးချယ်နိုင်ပါပြီ။

 >> ပျော်စရာစုံလင် စင်္ကာပူခရီးစဉ် 4D3N
 >> ပျော်စရာစုံလင် စင်္ကာပူခရီးစဉ် 5D4N

 

 

 

 

 

 



 

Click for Yangon, Myanmar Forecast